Service

Service

Service

WE TRY THE BEST

Our Services

Aung Fibre Glass Trading Co., Ltd မှအရောင်းဆိုင်ခွဲဖွင့်လှစ်ထားသောမြို့နယ် များတွင်အိမ်အရောက်ပို့သည့်စနစ်ဖြင့် ဝန်ဆောင်မှုများပေးပါသည်။ မှတ်ချက် ။ (မြို့တွင်းသာ)

Aung Fibre Glass Trading Co., Ltd မှအာမခံပေးထားသောသက်တမ်းကာလအတွင်းတွင်အနည်းငယ်သောချို့ယွင်းချက်များဖြစ်ပေါ်လာသည်နှင့်ကုမ္ပဏီသို့အချိန်မီသတင်းပေးခဲ့ပါမူ လိုအပ်ချက်များကိုလာရောက်ကြည့်ရှုစစ်ဆေးပြီး စိတ်တိုင်းကျ တာဝန်ယူဆောင်၇ွက် ပေးနေပါသည်။

အာမခံကာလ ၃ နှစ်အတွင်း ကုန်ကြမ်းပစ္စည်းတန်ဖိုးကိုသာယူပြီး လက်ခအခမဲ့ပြုပြင်ခြင်း ၊ ဝယ်ယူထားသည့်ပစ္စည်း နည်းတူနောက်ထပ်အသစ်လဲလှယ် ပေးခြင်းစသည့်ဝန်ဆောင်မှုများကိုလည်းစက်ရုံမှချို့ယွင်းချက်များကြောင့်ဖြစ်ပေါ်ခဲ့လျှင်တာဝန်ယူအာမခံဆောင်ရွက်ပေးပါသည်။ မှတ်ချက်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့်သယ်ယူပို့ဆောင်မှုကြောင့်ဖြစ်ပေါ်လာသောချို့ယွင်းပျက်စီးမှုများသည်အာမခံတွင် အကျုံးမဝင်ပါ။

ဖိုက်ဘာဂလက်(စ်)နှင့်ပတ်သတ်သည့်ပစ္စည်းအမျိုးမျိုးတို့ကိုကျွမ်းကျင်သောပညာရှင်များမှနိုင်ငံတကာအဆင့်မှီကုန်ကြမ်းများကိုသာအသုံးပြုပြီးထုတ်လုပ်ထားသောကြောင့် လူကြီးမင်းများစိတ်ချ ယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါသည်။ အော်ဒါအမျိုးမျိုးတို့ကိုလည်းလက်ခံဆောင်ရွက်ပေးပါသည်။

Aung Fibre Glass Trading Co., Ltd အနေဖြင့်ဘာသာရေးဆိုင်ရာအဆောက်အဦးများ ၊ မိဘမဲ့ကလေးများဂေဟာ ၊ ဘိုးဘွားရိပ်သာများ ၊ဆေးရုံများအတွက်ဖိုက်ဘာဂလက်(စ်)ရေတိုင်ကီများကိုအထူးဈေးနှုန်းဖြင့် ဆောင်ရွက်ပေးခြင်းဖြင့်လည်းကုသိုလ်ပြုပါဝင် လှူဒါန်း ဆောင်ရွက်ပေးပါသည်။

ရေတိုင်ကီထားရန်နေရာအခက်အခဲရှိသောဝယ်ယူသူများအတွက် မိမိလိုအပ်သောအ၇ွယ်အစားအတိုင်း အော်ဒါမှာယူအသုံးပြုနိုင်ပါသည်။

အထပ်မြင့်အဆောက်အဦးများ၊ ရေစင်အမြင့်များပေါ်တွင် သယ်ယူတပ်ဆင်ရန်လွယ်ကူစေရန်အတွက်လည်းအချပ်ပုံစံများဖြင့်ထုတ်လုပ်ပေးပြီးကျွမ်းကျင်သော ဝန်ထမ်းများမှ တပ်ဆင်ဆောင်ရွက်ပေးပါသည်။

online မှလည်း ဝယ်ယူအားပေးနိုင်ပါသည်။

Gurantee Card

The Way For Use

We Try The Best

Raw Materials For Fiberglass

WATCH OUR COMPOUNDS

Our Memory